ကိုယ်ရေးအချက်အလက်မူဝါဒ

blackNgreen သည် FYNDR အက်ပလီကေးရှင်းအား စီးပွားရေးလုပ်ငန်းသုံးအက်ပ်တစ်ခုအဖြစ် တည်ဆောက်ခဲ့ပြီး၊ ဤဝန်ဆောင်မှုကို  blackNgreen မှ အသုံးပြုသူများအား အဆင်ပြေစွာ သုံးစွဲနိုင်စေရန် စီစဉ်ပေးထားခြင်းဖြစ်သည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုရန် ဆုံးဖြတ်ခဲ့လျှင် ဤစာမျက်နှာကို ကျွန်ုပ်တို့၏ မူဝါဒများနှင့်ပတ်သက်သော  ကိုယ်ရေးဆိုင်ရာအချက်အလက်များစုဆောင်းခြင်း၊ အသုံးပြုခြင်း၊ ထုတ်ဖော်ခြင်းများနှင့် ပတ်သက်သော ဧည့်သည်များအား အသိပေးရန်ဖြစ်သည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုရန်ရွေးချယ်ပါက ဤမူဝါဒနှင့်ပတ်သက်သော သတင်းအချက်အလက်စုဆောင်းခြင်းနှင့် အသုံးပြုခြင်းကို သင်သဘောတူပါသည်။ ကျွန်ုပ်တို့စုဆောင်းထားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များသည် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုကိုပေးရန်အတွက် ဖြစ်သည်။ ဤသီးသန့်တည်ရှိမှုမူဝါဒတွင် ဖော်ပြထားသည့်အတိုင်းမှလွဲ၍ သင်၏ဤချက်အလက်များကို မည်သူ့ကိုမျှ မျှဝေမည်မဟုတ်ပါ။

ဤသီးသန့်တည်ရှိမှုမူဝါဒတွင် အသုံးပြုထားသော စည်းကမ်းချက်များသည် ကျွန်ုပ်တို့၏ စည်းကမ်းချက်များနှင့် အဓိပ္ပါယ်တူညီသည့်အလျောက် FYNDR တွင်အသုံးပြုထားပါသည်။

သတင်းအချက်အလက်စုဆောင်းခြင်းနှင့် အသုံးပြုခြင်း

ပိုမိုကောင်းမွန်သောအတွေ့အကြုံအတွက် ကျွန်ုပ်တို့၏ဝန်ဆောင်မှုကို အသုံးပြုနေစဉ် အမည်၊ ဆက်သွယ်ရန်နံပါတ်၊ ကျား၊ မ၊ တည်နေရာ၊ စိတ်ဝင်စားသည့်အရာများအပါအဝင် ကိုယ်ရေးဆိုင်ရာအချက်အလက်အချို့ကို ကျွန်ုပ်တို့အားပေးရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့တောင်းဆိုထားသော သတင်းအချက်အလက်များကို သိမ်းဆည်းထားပြီး ဤမူဝါဒတွင်ဖော်ပြထားသကဲ့သို့ အသုံးပြုပါမည်။

ဤအက်ပ်သည် သင့်အားခွဲခြားသတ်မှတ်ရန် အသုံးပြုသောသတင်းအချက်အလက်များကို စုဆောင်းနိုင်သည့် third party ဝန်ဆောင်မှုများကို အသုံးပြုသည်။

အက်ပလီကေးရှင်းဖြင့်အသုံးပြုသော third party ဝန်ဆောင်မှုပေးသူများ၏ မူဝါဒနှင့်ချိတ်ဆက်ပါ။

ဒေတာလော့

ကျွန်ုပ်တို့၏ဝန်ဆောင်မှုကိုအသုံးပြုသည့်အခါတိုင်း အက်ပလီကေးရှင်းတွင် အမှားအယွင်းရှိလျှင် third party ထုတ်ကုန်များမှတစ်ဆင့် သင့်ဖုန်း၏ဖုန်းခေါ်ဆိုမှုဒေတာအချက်အလက်များကို စုဆောင်းသည်ကို အကြောင်းကြားလိုပါသည်။ ဤမှတ်တမ်းဒေတာတွင် သင့်၏ကိရိယာအတွင်းပိုင်း protocol (IP) လိပ်စာ၊ ကိရိယာအမည်၊ လည်ပတ်မှုစနစ်ဗားရှင်း၊ ကျွန်ုပ်တို့၏ဝန်ဆောင်မှုကိုအသုံးပြုသည့်အခါ အက်ပ်၏ဖွဲ့စည်းမှုပုံစံ၊ ဝန်ဆောင်မှုကို အသုံးပြုသည့်အချိန်၊ နေ့စွဲနှင့် အခြားစာရင်းအင်းစသည့် အချက်အလက်များပါဝင်နိုင်ပါသည်။

 

ကွတ်ကီးများ

ကွတ်ကီးများ၏အဓိပ္ပါယ်မှာ အမည်ဝှက်ထားသော ထူးခြားသောသတ်မှတ်ချက်များအဖြစ် အသုံးပြုလေ့ရှိသည့် အချက်အလက်အနည်းငယ်သာရှိသော ဖိုင်များဖြစ်သည်။ ၎င်းတို့သည် သင်ကြည့်ရှုသော ဝက်ဘ်ဆိုက်များမှတစ်ဆင့် သင့် ဘရောက်ဇာသို့ပို့ပြီး သင့်စက်၏မှတ်ဉာဏ်တွင်သိမ်းသည်။

ဤဝန်ဆောင်မှုက ကွတ်ကီးများကို အတိအလင်းမသုံးသော်လည်း အက်ပ်သည် သတင်းအချက်အလက်များကိုစုဆောင်းရန်နှင့် ၎င်းတို့၏ဝန်ဆောင်မှုများကို တိုးတက်စေရန် ကွတ်ကီးများကိုသုံးသော third-party code နှင့် စာကြည့်တိုက်များကို သုံးနိုင်သည်။ သင့်အနေဖြင့် ၎င်းကွတ်ကီးများကို လက်ခံရန် သို့မဟုတ် ပြန်လည်သန့်စင်ရန်နှင့် သင်၏စက်ထဲသို့ ကွတ်ကီးတစ်ခုအား မည်သည့်အချိန်တွင်ပို့နေသည်ကို သိရန်ရွေးချယ်စရာရှိသည်၊ ကျွန်ုပ်တို့ကွတ်ကီးများကို ငြင်းဆန်ရန်ရွေးချယ်ပါက ဤဝန်ဆောင်မှု၏အချို့သောအပိုင်းများကို သုံး၍မရပါ။

ဝန်ဆောင်မှုပေးသူများ

ကျွန်ုပ်တို့သည် အောက်ပါအကြောင်းပြချက်များကြောင့် ကျွန်ုပ်တို့နှင့် third party company များနှင့် တစ်ဦးချင်းစီကို ခန့်ထားနိုင်ပါသည်။

ကျွန်ုပ်တို့နှင့် third party company များမှ ဤဝန်ဆောင်မှုကိုအသုံးပြုသူများ၏ကိုယ်ရေးအချက်အလက်များကိုရယူကြောင်း အသိပေးလိုပါသည်။ ထိုသို့ယူရခြင်းမှာ ကျွန်ုပ်တို့၏ကိုယ်စား ထိုသူတို့ကိုပေးအပ်ထားသောအလုပ်များကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ သို့သော် ၎င်းတို့သည်မည်သည့်ရည်ရွယ်ချက်အတွက်မဆို သတင်းအချက်အလက်တို့ကို မထုတ်ဖော်ရန်နှင့် အသုံးမပြုရန် တာဝန်ရှိပါသည်။ 

လုံခြုံရေး

ကျွန်ုပ်တို့အား ကိုယ်ရေးအချက်အလက်များကို ပေးအပ်သည့် သင့်ယုံကြည်မှုကို ကျွန်ုပ်တို့တန်ဖိုးထားပါသည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် စီးပွားဖြစ်လက်ခံနိုင်ေသာ နည်းလမ်းများကိုသာ အသုံးပြုပါမည်၊ သို့သော် အင်တာနက်ပေါ်မှ ထုတ်လွှင့်သည့်နည်းလမ်း သို့မဟုတ် အီလက်ထရောနစ်စနစ်သိုလှောင်မှုနည်းလမ်းမှာ ၁၀ဝရာခိုင်နှုန်း လုံခြုံပြီးစိတ်ချရမှုမရှိဘူးဆိုတာ သတိရပါ၊ ဒါ့အပြင် ၎င်း၏အကြွင်းမဲ့လုုံခြုံမှုကို အာမခံ၍မရကြောင်း အသိပေးလိုပါသည်။

တခြားဆိုဒ်များသို့လင့်များ

ဤဝန်ဆောင်မှုသည် အခြားဆိုဒ်များနှင့်ချိတ်ဆက်မှုရှိနိုင်ပါသည်။ ကျွန်ုပ်တို့နှင့် third party company များ၏လင့်ကို နှိပ်လျှင် ထိုဆိုဒ်သို့ ရောက်သွားလိမ့်မည်။ ထိုပြင်ပဆိုဒ်များကို ကျွန်ုပ်တို့မှ မလည်ပတ်ကြောင်းသတိပြုပါ။ ထို့ကြောင့် ဤဝက်ဘ်ဆိုက်များ၏ ကိုယ်ရေးကိုယ်တာပေါ်လစီကို ပြန်လည်သုံးသပ်ရန် သင်အားအထူးအကြံပြုလိုပါသည်။ ကျွန်ုပ်တို့သည် မည်သည့် third party ဝက်ဘ်ဆိုဒ်များ သို့မဟုတ် ဝန်ဆောင်မှုများ၏အကြောင်းအရာ၊ သီးသန့်တည်ရှိမှုမူဝါဒများ သို့မဟုတ် လုပ်ထုံးလုပ်နည်းများအတွက် ကျွန်ုပ်တို့တွင် ထိန်းချုပ်ခြင်းနှင့်တာဝန်ယူခြင်းမရှိပါ။

ကလေးများ၏ကိုယ်ရေးလုံခြုံမှု

ဤဝန်ဆောင်မှုများသည် အသက် ၁၃နှစ်အောက်မည်သူ့ကိုမှ မရည်ရွယ်ပါ။ ကျွန်ုပ်တို့သည် အသက် ၁၃နှစ်အောက်ကလေးများမှ ကိုယ်ရေးဆိုင်ရာအချက်အလက်များကို သိလျက်နှင့် မစုဆောင်းပါ။ အသက် ၁၃နှစ်အောက်ကလေးတစ်ယောက်မှ ကျွန်ုပ်တို့အား ကိုယ်ရေးအချက်အလက်များပေးသည်ကို သိရှိပါက ချက်ချင်းထိုအကောင့်အား ဖယ်ရှားသွားပါမည်။ အကယ်၍ သင်သည် မိဘတစ်ဦး သို့မဟုတ် အုပ်ထိန်းသူတစ်ဦးဖြစ်ပါက သင်၏ကလေးသည် ကျွန်ုပ်တို့အား ကိုယ်ရေးအချက်အလက်များပေးထားသည်ကို သင်သတိပြုမိပါက လိုအပ်သော အရေးယူမှုများပြုလုပ်နိုင်ရန် ကျွနုပ်တို့အားဆက်သွယ်ပါ။

ဤကိုယ်ရေးလုံခြုံမှုမူဝါဒပြောင်းလဲမှုများ

ကျွနုပ်တို့သည် ဤကိုယ်ရေးလုံခြုံမှုမူဝါဒအား အခါအားလျော်စွာ အဆင့်မြှင့်နိုင်ပါသည်။ ထို့ကြောင့် မည်သည့်ပြောင်းလဲမှုအတွက်မဆို ဤစာမျက်နှာတွင်အခါအားလျော်စွာ ပြန်လည်သုံးသပ်ရန် သင့်အားအကြံပေးပါသည်။ ပြောင်းလဲမှုလုပ်သည့်အခါတိုင်း ဤစာမျက်နှာတွင် အကြောင်းကြားပါမည်။ ပြောင်းလဲမှုများသည် ဤစာမျက်နှာတွင် တင်ပြီးသည်နှင့် စပြီးအကျိုးသက်ရောက်ပါမည်။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ကျွန်ုပ်တို့၏ကိုယ်ရေးလုံခြုံမှုမူဝါဒနှင့် ပတ်သက်၍ မေးခွန်းများ သို့မဟုတ် အကြံပြုချက်များရှိပါက mobileapps@blackngreen.com သို့ အီးမေးလ်ပို့နိုင်ပါသည်။